ဒီနေ့ မိုးလင်းကတည်းက နေသာနေတာ ။ အိုက်စပ်စပ်နဲ့ နေလို့မကောင်းဖြစ်နေတာ ။
မြန်မာစံတော်ချိန် ၁၀း ၃၀ နာရီ လောက် ရောက်တော့ ထူးထူးခြားခြား မိုးအုံ့နေပါတယ် ။
အပြင်ကို ထွက်ကြည့်မိပါသေးတယ် ။ တိမ်မည်းတို့ ညို့နေလေရဲ့ ။
နာရီဝက်လောက်ကြာတော့ တိမ်တွေ ပြယ်ပြီး နေ ပြန်ပွင့်လာပါတယ် ။
တစ်နေကုန်ပါပဲ ။ ပူလွန်းလို့ အပြင်ထွက်ရမှာ ကြောက်နေလေရဲ့ ..။
ဒါနဲ့ပဲ ကွန်ပျူတာရှေ့ထိုင်ပြီး စာထိုင်လုပ်နေပါတယ် ။ report ရေးနေတာပါ ။
နည်းနည်းလေးကြာတော့ ညောင်းလာတာနဲ့ ခဏနား ၊ လမ်းထလျှောက် ၊ ပြန်ထိုင်ပြီးတော့ သတင်းလေးတွေလိုက်ဖတ်နေမိပါတယ် ။
ဆရာ ဒဂုန်တာရာရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်မိတော့ မျက်ရည် ၀ဲလာပါတယ် ။
တော်တော်လေး စိတ်ထိခိုက်ခံစားပြီး နှမြောတသ လွမ်းဆွတ်နေမိပါတယ် ။
ဆောင်းပါးထဲက အကြောင်းအရာလေးတွေကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်ပါပဲ ။
မြန်မာစံတော်ချိန် ၁၀း ၃၀ နာရီ ။ မိုးတွေ ရွာနေတဲ့အချိန်ပါပဲ ။
ဆောင်းပါးရှင် က ကိုယ်တွေ့ဖြစ်ရပ်လေးကို စိတ်လှုပ်ရှားစွာ ရေးသားထားပါတယ် ။
ကျွန်တော်လည်း ဖတ်နေရင်း သူတို့တွေလို ခံစားနေမိပါတယ် ။
“လုပ်ရက်လေခြင်း” ၊ “အလွန်ကို ခြောက်ခြားဖွယ်သတင်းဆိုးပါလား” ၊ “ဘာမှမဖြစ်ပါစေနဲ့” ၊ “တောက် လူမဆန်လိုက်ကြတာကွာ” ၊ “အားကီး ရက်စက်တာပဲ” ၊ “ ဖြစ်မှ ဖြစ်ရလေ ၊ ဖြစ်မှ ဖြစ်ရလေ ” ဆိုတဲ့ အာမေဍိတ်သံတွေ ၊ နှမြောတသသံတွေ က ရင်ကိုနင့်သွားစေပါတယ် ။
ဆရာဇော်ဂျီရဲ့ “အမျိုးသားပျက်စီးခြင်းတစ်ရပ်ပဲ” ၊ “လူတွေဟာ မပြောရက်ကြဘူး” ဆိုတဲ့ နှမြောတသစွာ ပြောတဲ့ အသံလေးကလည်း ကိုယ့်ရှေ့မှာပြောနေသလို တကယ့်ကို မချိစရာပါပဲ ။
ဆောင်းပါးလေးရဲ့ ခေါင်းစဉ်က “ဦးအောင်ဆန်းရဲ့ နောက်ဆုံးနေ့” တဲ့လေ ။
သြော်... ဒီနေ့က ကျွန်တော်တို့ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရတဲ့ ၁၉ ဂျူလိုင် ၊ “အာဇာနည်နေ့”ပေါ့ ။ ၆၃ နှစ်တောင် ရှိခဲ့ပါပြီကော ။
ဒါနဲ့ ကျွန်တော်လည်း ၀မ်းနည်းစွာနဲ့ သီချင်းလေးတစ်ပုဒ်ကို ဖွင့်ပြီးနားထောင်နေမိပါတယ် ။
မိတ်ဆွေတို့လဲ နားဆင်ခံစားကြည့်ကြပါဦး ။
မှတ်ချက် ။ ။ အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၊ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်ကြီးများအား အမှတ်ရသောအားဖြင့်သာ
ရေးသားခြင်းဖြစ်ပါသည် ။
4 comments:
မမေ့နိုင်သော နေ့လေးပါပဲဗျာ.. ဇူလှိုင်မိုး မျက်ရည်သွန်းဆိုပေမယ့် ဒီနေ့မှ မိုးကမရွာဘူး...း(((
ခင်မင်တဲ့
နေ၀သန်
ကြေကွဲဖွယ်ရာ နေ့တနေ့အကြောင်းကတော့ ဘယ်တော့မှ မမေ့နိုင်ပါ။ သားစဉ်မြေးဆက် အမြဲ သတိရ ဦးခိုက်နေသင့်တဲ့ နေ့တနေ့မဟုတ်လား..
(ကွန်မန့်တစ်ရက်နောက်ကျသွားပေမယ့်..)
မင်္ဂလာပါလို့ပထမဆုံးအကြိမ်နှုတ်ဆက်လိုက်ပါတယ်.။
အချိန်ပေးပြီး လာလည်တဲ့အတွက်လည်း ကျေးဇူးတင်
ဝမ်းမြောက်မိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများကို
လေးစားစွာဦးညွှတ်အလေးပြုပါတယ်.။
ခင်မင်စွာ
သဒ္ဓါ
အခုလိုသီချင်းလေးဝေမျှပေးတာကျေးဇူးပါ
ပြုလုပ်သူကော
ဝေမျှသူကော
အားလုံးကျေးဇူးပါလို့
Post a Comment