အရာရာကို မငြိုငြင်
သူလိုချင်တာ အကုန်တွေး
ခွင့်လွှတ်ပေးတာ အချစ်လား ....
အရာရာကို အပြစ်မြင်
သူဖြစ်ချင်တာ အကုန်တွေး
အူတိုပေးတာ အချစ်လား ....
ခွင့်လွှတ်တော့လည်း ရင်နာရ
အူတိုတော့လည်း ကြေကွဲရ
ဘယ်အရာမှ ကောင်းကျိုးမပေး
အချစ်ဆိုတာ တွေး ... တွေး ... တွေး ... ။ ။
2 comments:
တွေးစရာထက် ကိုယ်လိုချင်တဲ့အချစ်တခုကို
ရရင်အကောင်းဆုံးလို့ ထင်မိတာပဲ..။
ဒါမှမဟုတ် ဒီတိုင်းလေးပဲ တွေးနေရရင်ပဲ....
ခင်မင်စွာ
သဒ္ဓါ
အချစ်ဆိုတာတွေးစရာလားတော.မသိဘူး......ဒါပေမဲ.တစ်ခါတစ်ရံချိုမြိန်မှုတွေပေးသလိုတစ်ခါတစ်ရံခါးသည်းမှုတွေပေးတာတော.အမှန်ပဲ။
Post a Comment