May 10, 2010

ဖတ်ချလိုက်ပုံက

ငယ်ငယ်တုန်းက လူကြီးသူမများပြောပြလို့ သိရတဲ့အကြောင်းလေးကို အမှတ်ရမိပါတယ်။ စာဖတ်တာ အဖြတ်အတောက်မမှန်ရင် လူရယ်စရာဖြစ်တယ်ဆိုတာကို ပြောပြတာပါ။ ကျွန်တော်တို့ ရွာနဲ့ ၄ မိုင်နီးပါးခန့်ဝေးတဲ့ ထုံးဘိုမြို့အနီးမှာ အကောက်တောင်ဆိုတာ ရှိပါတယ်။ ရခိုင်ရိုးမကနေ ဧရာဝတီမြစ်ကို ဆင်းလာတဲ့ တောင်ဆွယ်တစ်ခုပါ။ အဲဒီတောင်ရဲ့ တစ်ဖက်မှာ သောကြာဒူးဆိုတဲ့ရွာရှိပါတယ်။ ဧရာဝတီအနောက်ဖက်ကမ်းမှာ မော်တော်ကားလမ်းတွေ မရှိသေးခင်အချိန်တုန်းက ကျွန်တော်တို့ရွာဘက်က လူများက ပြည် ၊ ပန်းတောင်း ၊ ကျီးသဲ ၊ ရွှေတောင် စတဲ့ မြို့ရွာတွေကို သွားချင်ရင် ထုံးဘိုကနေ ရေလမ်းခရီးနဲ့သွားကြရပါတယ်။ အဲဒီအချိန်တုန်းက ထုံးဘိုမြို့ရဲ့ ကတို့ဆိပ်မှာ ဆိုင်းဘုတ်တစ်ခုရေးထားပါတယ် တဲ့ ။ သောကြာဒူးပို့ရန် ကတို့ ရှိသည် ။ အသွားတစ်ပဲ အပြန်တစ်ပဲ ” တဲ့ ။ အဲဒါကို လူတစ်ဦးက သူ စာတတ်ကြောင်း လူအများရှေ့မှာ ကြွားချင်ဇောနဲ့ ခါးကို သေချာထောက်ပြီး ဟန်ပါပါ ဖတ်ချလိုက်ပုံက “ သောက် ကြား ဒူ …….. ပို ရန် က တို…. ရှိ ၊ အသွားဖြဲဖြဲ အပြန်ဖြဲဖြဲ ” တဲ့ ။