May 10, 2010

ဖတ်ချလိုက်ပုံက

ငယ်ငယ်တုန်းက လူကြီးသူမများပြောပြလို့ သိရတဲ့အကြောင်းလေးကို အမှတ်ရမိပါတယ်။ စာဖတ်တာ အဖြတ်အတောက်မမှန်ရင် လူရယ်စရာဖြစ်တယ်ဆိုတာကို ပြောပြတာပါ။ ကျွန်တော်တို့ ရွာနဲ့ ၄ မိုင်နီးပါးခန့်ဝေးတဲ့ ထုံးဘိုမြို့အနီးမှာ အကောက်တောင်ဆိုတာ ရှိပါတယ်။ ရခိုင်ရိုးမကနေ ဧရာဝတီမြစ်ကို ဆင်းလာတဲ့ တောင်ဆွယ်တစ်ခုပါ။ အဲဒီတောင်ရဲ့ တစ်ဖက်မှာ သောကြာဒူးဆိုတဲ့ရွာရှိပါတယ်။ ဧရာဝတီအနောက်ဖက်ကမ်းမှာ မော်တော်ကားလမ်းတွေ မရှိသေးခင်အချိန်တုန်းက ကျွန်တော်တို့ရွာဘက်က လူများက ပြည် ၊ ပန်းတောင်း ၊ ကျီးသဲ ၊ ရွှေတောင် စတဲ့ မြို့ရွာတွေကို သွားချင်ရင် ထုံးဘိုကနေ ရေလမ်းခရီးနဲ့သွားကြရပါတယ်။ အဲဒီအချိန်တုန်းက ထုံးဘိုမြို့ရဲ့ ကတို့ဆိပ်မှာ ဆိုင်းဘုတ်တစ်ခုရေးထားပါတယ် တဲ့ ။ သောကြာဒူးပို့ရန် ကတို့ ရှိသည် ။ အသွားတစ်ပဲ အပြန်တစ်ပဲ ” တဲ့ ။ အဲဒါကို လူတစ်ဦးက သူ စာတတ်ကြောင်း လူအများရှေ့မှာ ကြွားချင်ဇောနဲ့ ခါးကို သေချာထောက်ပြီး ဟန်ပါပါ ဖတ်ချလိုက်ပုံက “ သောက် ကြား ဒူ …….. ပို ရန် က တို…. ရှိ ၊ အသွားဖြဲဖြဲ အပြန်ဖြဲဖြဲ ” တဲ့ ။

2 comments:

ကျော်နှင်းဆီလွင် said...

ခစ် ပေါက်ကရ
ဖတ်တတ်ပုံများ
:D

ပေါ့ဆိမ့် said...

အယ် ... လုပ်ပီ .. ဖတ် ချလိုက် ပုံများ ...
ဂျ ဂါး မှီ ပီ တာ လည်း ပါလိမ့်မယ် ထင်တယ်ဗျ ...
အစ်ကို ရေ ... နယ်သားချင်း တွေ့ ရတာ ၀မ်းသာ လိုက်တာ ဗျာ ကွန့်မန့် မြင်တာနဲ့ တန်းလိုက်လာ ခဲ့တယ် ..
ကျွန်တော် လည်း ဆင်တဲကဖေး ရဲ့ ဌာနေတူ site များ ထဲ မှာ လင့် လိုက်ပြီနော် ...