Aug 8, 2010

မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှု

ယနေ့ ခေတ် မြန်မာအမျိုးသမီးလေးတွေ မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုကို ခုံမင်နှစ်သက်မှုတွေ လျော့နည်းလာကြသလိုပဲ ။ ဘာဖြစ်လို့လဲ မသိနော် ။
အချို့ကတော့ ခေတ်နဲ့အညီ ၀တ်ကြရတာတဲ့ ။
အဲဒီ ခေတ် ဆိုတာကို လူတွေကပဲ ဖန်တီးနေကြတာ မဟုတ်ဘူးလား ။
ဒါက ခိုင်လုံတဲ့ အကြောင်းပြချက်လား ဟင် ။

“ခေတ်မီတယ်” ဆိုတာ ဘာလဲဟင် ။
တိုင်းတစ်ပါးသားတွေ ၀တ်စားဆင်ယင်သလိုလိုက်ဝတ်ကြရတာကို ခေတ်မီတယ် လို့ခေါ်တာလား ။
ခေတ်မီဖို့အတွက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတွေကို မျက်ကွယ်ပြုဖို့လိုလို့လား ။
ဝတ်စားဆင်ယင်ပုံကို ပြောင်းလိုက်တာနဲ့ ခေတ်မှီသွားကြပြီလား ။
တကယ်တော့ မြန်မာ့အလှ ၊ မြန်မာ့ယဉ်ကျေးမှုဟာ သိမ်မွေ့လှပါတယ် ။
နူးညံ့လွန်းလှပါတယ် ။
အေးချမ်းလွန်းလှပါတယ် ။
ကျက်သရေ အလွန်ရှိလှပါတယ် ။
နောင်တစ်ချိန် တိုင်းတစ်ပါး ယဉ်ကျေးမှုတွေ ဖုံးလွှမ်းသွားမှဖြင့် ...........
ဘယ်လိုတွေ ကာကွယ်ကြမလဲ ဟင် ။
ဘယ်လိုလူတွေက ကာကွယ်ပေးနိုင်ကြလဲ ဟင် ။
လူငယ်လူရွယ်တွေ ကိုယ့်ယဉ်ကျေးမှုကို ကိုယ့်ရိုးရာ ၀တ်စားဆင်ယင်မှုကို အမြတ်တနိုးတန်ဖိုးထားတတ်လာအောင် ဘယ်သူတွေက စံပြလုပ်ပေးနိုင်လဲ ဟင် ။

2 comments:

အေးစပယ် said...

မိဘတွေဆရာ၊ဆရာမတွေကနားလည်အောင်ရှင်းပြသင်.ပါတယ်

ပေါ့ဆိမ့် said...

မိဘ၊ ဆရာတွေ ကတော့ ဆုံးမကြမှာ မလွဲ ပါဘူး..
မိမိကိုယ်ကို တန်ဖိုး ထားတတ်တဲ့စိတ်ကလေး က ကိုယ်တိုင်ရှိမှ လည်း ဘာဖြစ်သင့်တယ် ဆိုတာ လက်လမ်းမိမှာ ကြမှာပါ..