Oct 17, 2010

အချစ်ဆိုတာ... တွေးစရာလား.........

အရာရာကို မငြိုငြင်
သူလိုချင်တာ အကုန်တွေး
ခွင့်လွှတ်ပေးတာ အချစ်လား ....
အရာရာကို အပြစ်မြင်
သူဖြစ်ချင်တာ အကုန်တွေး
အူတိုပေးတာ အချစ်လား ....
ခွင့်လွှတ်တော့လည်း ရင်နာရ
အူတိုတော့လည်း ကြေကွဲရ
ဘယ်အရာမှ ကောင်းကျိုးမပေး
အချစ်ဆိုတာ တွေး ... တွေး ... တွေး ... ။ ။

2 comments:

သဒ္ဓါလှိုင်း said...

တွေးစရာထက် ကိုယ်လိုချင်တဲ့အချစ်တခုကို
ရရင်အကောင်းဆုံးလို့ ထင်မိတာပဲ..။
ဒါမှမဟုတ် ဒီတိုင်းလေးပဲ တွေးနေရရင်ပဲ....

ခင်မင်စွာ
သဒ္ဓါ

အေးစပယ် said...

အချစ်ဆိုတာတွေးစရာလားတော.မသိဘူး......ဒါပေမဲ.တစ်ခါတစ်ရံချိုမြိန်မှုတွေပေးသလိုတစ်ခါတစ်ရံခါးသည်းမှုတွေပေးတာတော.အမှန်ပဲ။