Apr 14, 2010

ဧည့်သည်

အူဝဲ အူဝဲ ၊ သံမစဲပဲ
ရဲရဲစွန့်ကာ ၊ မေတ္တာရှာဖို့
ရောက်လာပြန်ပြီ ၊ လူ့ဘုံဆီ ။ ။
ငယ်ကဘ၀ ၊ ပြန်မြင်ရသော်
တုံးမောင်းခေါက်သံ ၊ သောသောညံတဲ့
တောရွာလေးဆီ ၊ ငါ့ဌာနီ ။ ။
ခုလည်းခဏ ၊ ပညာရအောင်
သုတရှာမှီး ၊ တိုးတက်နည်းနဲ့
တက္ကလာသီ ၊ တိုင်းခြားဆီ ။ ။
လူ့ဘုံတောရွာ ၊ တိုင်းခြားဆိုတာ
ကြုံတွေ့ခဏ ၊ ဆုံပြန်ရလဲ
မြဲမရှိပြီ ၊ ဧည့်သည်မည် ။ ။

2 comments:

ဧည့်သည် said...

“လသာည အတွက် ကျေးဇူးစကား”
ဒီကဗျာလေးက “ဧည့်သည်”ဆိုတဲ့အမည်လေးအတွက်စပ်လိုက်တာပါ။ ဒီနေ့ည စာကြည့်ရင်း ခဏနားတော့ blog ထဲ ခဏ၀င်ကြည့်တာ အစ်မကြီး ( လသာည )ရဲ့ comment လေးတွေ့လို့လေ ။ ဒီနာမည်လေးကို ရွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။

လသာည said...

တို့အားလုံးက ဧည့်သည်တွေပဲလေ..။ ဧည့်သည်အားလုံးအတွက် ဧည့်သည်တစ်ယောက်ဖြစ်တဲ့ “ဧည့်သည်”က စပ်ပေးတဲ့ ဒီကဗျာလေးကို အရမ်းကို သဘောကျတယ်.။. ကဗျာကို လက်တန်းစပ်နိုင်တဲ့ စွမ်းရည်ကို လည်း ချီးကျူးပါတယ်။။ နောက်ထပ်လည်း ကဗျာတွေ စာတွေ အများကြီးရေးပါဦး...

အားပေးလျက်..