Sep 14, 2010

စိတ်ရောင်စုံ

ငယ်စဉ်တောင်ကျေး ကလေးဘဝ
အဖြူရောင်သက်သက်နဲ့ စ ...
စိတ်ထဲက ဖြူစင်
ကြည်ကြည်လင်လင်နဲ့မို့
အပူအပင် ဆိုတာ မရှိခဲ့ဘူးပေါ့ ....။
အသက်လေးက နည်းနည်းရ
သိတတ်စ အရွယ်မှာ
ချစ် မုန်း ပြုံးတာတွေ ခွဲတတ်လာတော့
နီစွေးစွေးအရောင်တွေနဲ့ စိတ်ကိုခြယ်
အံမယ် အံမယ်
လောဘ ဒေါသ မောဟ ဆိုတဲ့
ဆေးစက်တွေက
တစ်စွန်းတစ်စ
စွန်းထင်းစပြုလာတာ ထင်ပါရဲ့ ....။
အတိတ်ကို ပြန်ကောက်
ပစ္စုပ္ပန်ကို မွှေနှောက်
အနာဂတ်ကို ရော်ရမ်း
မျှော်မှန်းပြီး အရောင်တွေခြယ်တော့
တစ်ခါတစ်ခါ ညိုမှိုင်းမှိုင်းကနေ
အနက်ရောင်တွေတောင် သန်းလာပေါ့ ...။ ။

5 comments:

နေ၀သန် said...

ကဗျာကောင်းလေးတစ်ပုဒ်ပါလားကွယ်....း))))


ခင်မင်တဲ့
နေ၀သန်

လသာည said...

အစ်မကဗျာ.. ဘာလို့ကူးသွားတာလဲ အခုပြန်လာပေး..

(ဒီက အိပ်မက်ထဲမှာ စပ်ထားတာကိုး))))

အေးစပယ် said...

VISITOR တို.ကတော.ဒါမျိုးလဲရတာပဲနော်....။အမှန်တရားတွေပါပဲလေ..........

သဒ္ဓါလှိုင်း said...

ငယ်ငယ်တုန်းကရှိခဲ့ဖူးတဲ့စိတ်လေးဆီမျှော်မှန်းလို့ပေါ့.
အရောင်တွေနဲ့စိတ်ကိုမလိုချင်ပေမဲ့..
ခင်မင်စွာ
သဒ္ဓါ

Unknown said...

ကဗျာလေးကိုဖတ်ပြီး ငယ်ငယ်က အရမ်းကြိုက်တဲ့ သီးချင်းလေးတပုဒ်နဲ့ ထပ်တူခံစားရတယ်....ဆက်လက်အားပေးသွားမယ့်..............