Sep 9, 2010

Summer Vacation Trip 3

ပြတိုက်ထဲမှာ ဒုတိယ ကမ္ဘာစစ် ကတည်းက အပျက်အစီးများကို ၎င်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ် ။ စိတ်ဝင်စားဖွယ်ရာများ ၊ စိတ်မကောင်းဖွယ်ရာအဖြစ်ဆိုးများကို လေ့လာတွေ့ရှိခဲ့ရပါတယ် ။



ပြတိုက် အဆောက်အဦ



Wall clock

နံရံကပ်နာရီ ကို ဗုံးပေါက်တဲ့ ဗဟိုချက်မှ မီတာ ၈၀၀ အကွာလောက်က Sakamoto-machi မှာရှိတဲ့ Sannno Shinto Shrine အနားမှ အိမ်တစ်အိမ်မှာ တွေ့ခဲ့တာလို့ မှတ်တမ်းများအရသိရပါတယ် ။ နာရီလက်တံများဟာ ၁၁ နာရီ ၂ မိနစ်မှာ ရပ်နေခဲ့ပါတယ် ။



Water Tank from Keiho Middle School



Spectacles Frames
ဗုံးပေါက်ကွဲရာ ဗဟိုချက်မှ ၂.၁ ကီလိုမီတာ အကွာ Ofunagura-machi အိမ်တစ်အိမ်တွင် တွေ့ရတဲ့ မျက်မှန်ဖြစ်ပါတယ် ။





Bomb Museum ပြီးတော့ မမှောင်ခင်လေး Memorial Park နဲ့ Peace Park ကို ကူးခဲ့တယ် ။ ငြိမ်းချမ်းရေးရုပ်တုကို ညရှုခင်းနဲ့ ဓါတ်ပုံရိုက်ခဲ့တယ် ။



Memorial Monument



ငြိမ်းချမ်းရေးရုပ်တု

အဲဒီနေ့ညက သူငယ်ချင်း အိမ်မှာ စတည်းချခဲ့ကြတယ် ။ မစားရတာ ကြာပြီဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲချက်စားကြတယ် ။ မြိန်လိုက်ပါဘိ ။ နောက်နေ့ ( ၃၁.၈.၂၀၁၀ နေ့ ) မှာ သူငယ်ချင်းတို့ ဇနီးမောင်နှံက Huis Ten Bosch လို့ခေါ်တဲ့ Dutch တွေ နေခဲ့တဲ့ နေရာလေးကို လိုက်ပို့ခဲ့ကြတယ် ။ အလွန်လှပပြီး ပျော်စရာကောင်းတဲ့နေရာလေးပါ ။ ရှုခင်းတွေကလည်း လှမှလှ ။ အဆောက်အဦးတွေကလည်း စိတ်ဝင်စားဖွယ်အရမ်းကောင်းတယ် ။
ရှုခင်းလေးတွေကို ရှုစားခံစားကြည့်လိုက်ကြပါဦးနော် ။

































သားသားလေး လပြည့်မင်း (ခ) ရဲမြတ်မင်း

မအားလပ်တဲ့ ကြားက စိတ်ရှည်သည်းခံပြီး လိုက်လံပို့ဆောင်ပေးခဲ့တဲ့ နာဂါဆာကီ မှ သူငယ်ချင်း ကိုမင်း + မရတနာအောင်တို့ဇနီးမောင်နှံနဲ့ သားသားလေး လပြည့်မင်း ကို အထူးပဲကျေးဇူးတင်ပါတယ် ။ သားသားလေးလည်း အရမ်းပင်ပန်းသွားတယ် ။
ခရီးစဆုံး ကူညီပေးသော သူငယ်ချင်းများ ကိုလည်း အထူးကျေးဇူးတင်ပါတယ် ။
ခရီးစဉ်မှာ မလိုက်ပါဖြစ်ပေမယ့် နောက်ကွယ်မှ ကူညီပေးကြသော သူငယ်ချင်းများ ကိုလည်း ကျေးဇူးတင်ပါတယ် ။
ဖူကူအိုကာမြို့ ရဲ့ အလှအပ ရှုခင်းများ ၊ ဗုဒ္ဓရုပ်ပွားတော်မြတ် တို့ကို လိုက်ပါပို့ဆောင်ပေးတဲ့ သူငယ်ချင်းကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ် ။

5 comments:

Lotus white said...

interesting writing , very beautiful sightseeing and so cute baby

Unknown said...

အမြဲတမ်းအမှတ်ရနေမဲ့ခရီးစဉ်လေးဖြစ်မှာပါ.......
သားသားလပြည့်ကလည်းသတိရနေမဲ့ခရီးစဉ်လေးတစ်ခုပါပဲ..........

လသာည said...

မှတ်တမ်းပုံတွေ စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ ကိုယ်တိုင်ရောက်ဖူးချင်သွားပြိ.. တင်ပေးတာ ကျေးဇူးပါ ကိုဧည့်သည်..
တော်တော်ပျော်ခဲ့လား..
သားသားလေးက ချစ်စရာလေးနော်။

အေးစပယ် said...

မရောက်ဘူးတဲ.နေရာလေးတွေကိုမြင်ခွင်.ရတဲ.အတွက်ကျေးဇူးတင်ပါတယ်။နောင်တစ်ချိန်အခွင်.အရေးရှိခဲ.ရင်ယခုလိုပျော်စရာခရီးလေးကိုဆုံချင်ပါတယ်။

Meengelay said...

လာလည်သွားပါတယ်ရှင်
Summer vacation trip လေးတွေကိုခံစားသွားပါတယ်။
ဖူကူအိုကာက ဘုရားကိုသွားချင်ပေမဲ့ မသွားခဲ့ရဘူး။
Huis Ten Bosch ဆိုတာ နံမည်ပဲကြားဖူးနေတာ။ တော်တော်လှတာပဲနော်။ ဓာတ်ပုံလေးတွေကျေးဇူးပါ။