Sep 8, 2010

Summer Vacation Trip 2

၂၈.၈.၂၀၁၀ နေ့ ဟီရိုရှီးမားကနေ Kure ခံတပ်ကို ဆက်ခဲ့ကြတယ် ။ ကမ္ဘာ့အကြီးဆုံးတိုက်သင်္ဘော Yamato Museum ကို သွားရောက် လေ့လာခဲ့ကြတယ်လေ ။







အဲဒီကနေတစ်ဆင့် Fukuoka ကို ခရီးဆက်ခဲ့ကြတယ် ။ ဖူကူအိုကာ ရောက်တော့ မှောင်နေတာကတစ်ကြောင်း ခရီးပမ်းနေကြတာကတစ်ကြောင်း ဆိုတော့ ဘယ်မှ ထွက်မလည်နိုင်တော့ဘူးလေ ။ သူငယ်ချင်းအိမ်မှာ တည်းခိုအိပ်စက်ခဲ့ပါတယ် ။ သူငယ်ချင်းချက်ကျွေးတဲ့ ကန်စွန်းရွက်နဲ့မှိုကြော်လေး လွမ်းနေတုန်းပါ ။ ကြက်သားက လည်း ကောင်းမှကောင်းပါဗျာ ။
၂၉.၈.၂၀၁၀ နေ့ မနက်မှ ဗုဒ္ဓရုပ်ပွားတော်ကို သွားပြီး ဖူးမြော်ကြည်ညိုခဲ့ကြတယ် ။



Nehanzo Reclining Buddha Image





ဒါကတော့ Fukuoka Tower လေ ။ ကမ်းခြေနားမှာ ။ အောက်ခြေကနေ ထပ်စွန်းထိ ၂၃၄ မီတာ မြင့်တယ် ။



Fukuoka Tower





ညစာကို မြန်မာအိမ်တစ်အိမ်က ထမင်းဖိတ်ကျွေးလို့ မြိန်ရှက်စွာဗိုက်တင်းအောင်ကို စားပစ်လိုက်တယ် ။ ကြက်သားနဲ့မြစ်ချဉ် ၊ ငပိရည် ၊ တို့စရာ အလွန်အရသာရှိပါပေ့ဗျာ ။

၃၀.၈.၂၀၁၀ နေ့ မနက် Nagasaki ကို ခရီးဆန့်ခဲ့ကြတယ် ။ Nagasaki မှာ လည်ပတ်ကြည့်ရှုစရာတွေက အများကြီးဗျ ။
ပထမဆုံး Atomic Bomb Museum ကို သွားရောက်လေ့လာခဲ့ကြတယ် ။



( ဆက်ရန် )

3 comments:

chindwinthu said...

မြန်မြန် ဆက်ရေးပါဗျို့....။ဖတ်ရတာ အားမရဘူး။

လသာည said...

အပေါ်က ကွန့်မန့်က ဘူသူလဲး))))

ဖတ်ရတာ အားမရဘူး။ မင်းသမီးလေးပါတဲ့ ဓါတ်ပုံများများတင်ပါ..

Kyaw Hnin Se Lwin said...

ဓါတ်ပုံတွေလှလိုက်တာ...
အ၀ကြည့်သွားတယ်နော်
;)