Sep 7, 2010

Summer Vacation Trip

Summer vacation မှာ ဂျပန်နိုင်ငံတစ်လွှား အနှံ့သွားချင်ပေမယ့် ဟော့ကိုင်းဒိုးတော့ မရောက်ဘူးဗျ ( ဟီးဟီး )
ရောက်သမျှနေရာလေးတွေမှာ မှတ်တမ်းတင်ခဲ့တာလေးတွေ မျှဝေလိုက်ပါတယ် ..။
၂၆ . ၈ .၂၀၁၀ နေ့ သူငယ်ချင်းအချို့ ရောက်လာလို့ အိုခယာမ ရဲ့ အထင်ကရ နေရာလေးတွေ လိုက်ပို့ဖြစ်တယ်လေ ...


Okayama University


University Library , Okayama


Momotaro Stadium




Korakuen Park

၂၇.၈.၂၀၁၀ နေ့ မှာ Miyajima Island ကို ထွက်ခဲ့ကြတယ် ။ World Heritage ထဲက တစ်ခုပေါ့ ။


Ferry Boat




Ohtorii Gate


Five-storied Pagoda

Ropeway လည်း စီးခဲ့ကြသေးတာ ။ Miyajima Mt. Misen လေ။
ရှုခင်းတွေက လှမှလှ ။ ပင်လယ်ပြင်နဲ့ ကျွန်းလေးတွေကို အပေါ်စီးကနေ မြင်နေရတာလေ ။ view တွေကို ဓါတ်ပုံ တစ်ဝကြီးကို ရိုက်ပစ်လိုက်တယ် ။ ( ကြွားတာ ကြွားတာ ဟဲဟဲ )။



အပြန်မှာ ဟီရိုရှီးမား Atomic Bomb Dome ကို ၀င်ခဲ့ကြတယ် ။ Peace Memorial Park , Museum ထဲလည်းဝင်လည်ကြသေးရဲ့ ။ ဟီရိုရှီးမား က မြန်မာအိမ်မှာ ညစာကို မြန်မာထမင်းဟင်းနဲ့ မြိန်ရှက်စွာ စားခဲ့ကြသေးတာဗျ ။ လက်ရာကကောင်းတော့ ကောင်းမှကောင်းဗျို့ ။

Atomic Bomb Dome


Peace Memorial Park
(ဆက်ရန်)

1 comment:

လသာည said...

ဓါတ်ပုံတွေလှတယ်။ မိရာဂျိမက အစ်မရောက်တုန်းက ဒီရေကျနေချိန်ဆိုတော့ ဂိတ်နီ အောက်မှာ ရေမရှိဘူး။
လျှောက်သွားရတာ ပျော်စရာကြီးနော...