Jul 18, 2010

ဧရာဝတီ

ငယ်စဉ်ကတည်းက နှစ်သက်ရင်းနှီးခဲ့တဲ့ ဒီသီချင်းလေးကို နားထောင်ရင်း ဧရာဝတီနဲ့ကျွန်တော်ရဲ့ဆက်နွယ်ရင်းနှီးခဲ့ရပုံလေးတွေကို ပြန်လည် မြင်ယောင်နေမိပါတယ် ။
မြန်မာ နဲ့ ဧရာဝတီဟာ ခွဲခြားမရပါဘူး ။
မြန်မာတိုင်း ဧရာဝတီကို သိသလို ၊ ဧရာဝတီဟာ အားလုံးရဲ့ကျေးဇူးရှင်ကြီး၊မိတ်ဆွေကြီး ဆိုတာ ငြင်းပယ်လို့မရဘူးလို့ထင်မိပါတယ် ။
ကျွန်တော် နေတဲ့နေရာက ဧရာဝတီနဲ့ ၄ မိုင်လောက် ဝေးပေမယ့် ဧရာဝတီနဲ့ မကင်းပါဘူး ။
ငယ်စဉ်ဘ၀တုန်းက ဧရာဝတီကို မှီခိုပြီး ၀မ်းရေးအတွက်ရှာဖွေခဲ့ရဖူးပါတယ် ။
ရခိုင်ရိုးမမှာ ၀ါးခုတ်ဝါးသယ် လုပ်ပြီး ထုံးဘိုမြို့ ဧရာဝတီမြစ်ကမ်းကို ပို့ပေးခဲ့ရပါတယ် ။
နောက်ပြီး ပြည်မှာ ကျောင်းတက်တော့လည်း ဧရာဝတီဟာ ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်ခဲ့တဲ့ transporter ကြီးဖြစ်လာပြန်ရောလေ ။
ဇာတိမြေက ရခိုင်ရိုးမတောင်ခြေက ဆိုတော့ ရခိုင်ရိုးမ နဲ့ ဧရာဝတီဟာ ကျွန်တော် တို့ရဲ့ ကျေးဇူးရှင်ပါ ။
ဆည်းဆာချိန် ရိုးမအလှလေးတွေကို ခံစားရင်း ကဗျာလေးတွေ ရေးဖြစ်ခဲ့ဖူးသလို ရိုးမပေါ်ကနေ လှမ်းမြင်ရတဲ့ ဧရာဝတီရဲ့အလှကို ကြည်နူးစွာခံစားခဲ့ဖူးပါတယ် ။
သြော်... အားလုံးဟာ လွမ်းစရာချည်းပါပဲ ...။
ဧရာဝတီနဲ့နီးစပ်သူများ ၊ ဧရာဝတီကို ချစ်ကြသူများ နဲ့ အားလုံးသောမိတ်ဆွေများလည်း ခံစားနားဆင်ကြည့်ကြပါနော် ။

3 comments:

ဧည့်သည် said...

မူရင်း အရသာလေး ပျောက်သွားမှာ စိုးရိမ်လို့ ဆိုတော့ဘူးနော် ....

နေ၀သန် said...

ဧရာဝတီသီချင်းလေးကို ခံစားရင်းနဲ့ ပုဂံမှာပျော်ခဲ့တဲ့ မကွေးမှာပျော်ခဲ့တဲ့ ဧရာဝတီရှုခင်းလေးတွေကို ပြန်လည်သတိရသွားပါတယ်...း)))))


ခင်မင်တဲ့
နေ၀သန်

လသာည said...

နားထောင်ကောင်းတယ်..။ ဘလော့ပိုင်ရှင်ဆိုရင် ဒီထက်ပိုမိုက်မယ်ထင်တယ်း)))
ဧရာဝတီဘေးမှာ ကြီးပြင်းခဲ့သူမို့ သီချင်းနားထောင်ရင်း လွမ်းသွားတယ်။ ကျေးဇူး..