Sep 28, 2010

အချစ်ရဲ့စေရာ

အချစ် ...
နှလုံးသားကို ဒဏ်ရာဗရပွနဲ့
အပိုင်းပိုင်းအစစ ကြေမွစေလည်း
ငါ ...
ရူးမိုက်စွာ ဖက်တွယ်ထားမှာပဲ ...။
ရင်ခွင်လွှာကို လျစ်လျူရှု
ပွန်းရှတာတွေကို မျက်ကွယ်ပြု
ချစ်သူရဲ့ ငြိုငြင်မှုအတွက်
အပြုံးတုတစ်ခုလည်း ဖန်တီးယူနိုင်ရတယ် ...။
နောက်ကွယ်မှာ ကြိတ်မှိတ်
တိတ်တဆိတ် ငိုကျွေး
ပူဆွေးတာတွေ စတေးရလည်း
ကျေနပ်ခြင်းတွေ အမြစ်တွယ်
သူ ...
ပစ်ပယ်မှာ စိုးရိမ်စွာနဲ့မို့ ..
ဘယ်တတ်နိုင်ပါ့မလဲနော်
ငါ ...
နာကျင်တာကို ခါးစည်းခံ
ရင်နာရတာ တန်ပါတယ် ...။ ။

5 comments:

Unknown said...

ဒီလောက်တောင် ချစ်ရလား ညီလေးရာ.........
လေးစားတယ်ကွာ....

Anonymous said...

ကျန်းမာချမ်းသာစွာဖြင့် လျှောက်လည်နေတယ်ဆိုပြီး ဘယ်နှယ် အသည်းဒဏ်ရာ ဖြစ်နေပြန်တာတုန်း....။

နောက်တာပါ.။ အစစအဆင်ပြေပါစေ..

အေးစပယ် said...

ဒါတွေဟာတစ်ခနတာပါကွာ.........ပျော်စရာအချိန်တွေရောက်လာမှာပါ....အားတင်းထားနော်။

lotus white said...

ူ အော်..... အချစ်.....

blackcoffee said...

သူ ...
ပစ်ပယ်မှာ စိုးရိမ်စွာနဲ့မို့ ..
ဘယ်တတ်နိုင်ပါ့မလဲနော်
ငါ ...
နာကျင်တာကို ခါးစည်းခံ
ရင်နာရတာ တန်ပါတယ် ...။ ။

တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီစာသားလေးကို သဘောကျမိတယ်။ ကိုယ်တွေ့ ကိုးဗျ။